Friday 27 January 2012
  • *****
  • Thank You
  • -Given: 0
  • -Receive: 0
  • Posts: 30
  • Karma: 24
  • Gender: Male
Computer Hardware Fundamental (PC OVERVIEW)
« on: March 29, 2011, 02:39:38 PM »
ကျနော် ဖိုရမ်မှာဝင်မဆွေးနွေးဖြစ်တာ နည်းနည်းကြာသွားပြီ..ဒီတခါ ကွန်ပျူတာ Hardware အကြောင်းကို ဆွေးနွေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်..နယ်ကသူငယ်ချင်းတစ်ယောက်က သင်တန်းမတက်နိုင်တာ ကတစ်ကြောင်း အချိန်မပေးနိုင်လို့  အိမ်မှာပဲဖတ်ဖို့ အဆင်ပြေမှာမို့  ခုလိုဖိုရမ်မှာ တင်ပေးရင်ပိုကောင်းမယ် ဆိုတော့ ရေးဖို့ တွန်းအားတစ်ခုရသွားတယ်..သင်တန်းတက်ရင် လေးငါးသောင်းလောက်ကုန်မှာမို့ သင်တန်း တက်ဖို့ အဆင်မပြေအခက်အခဲဖြစ်နေသူအတွက်လည်း အဆင်ပြေသွားအောင်ဆိုတဲ့ စိတ်ရယ် English စာကို ဘာသာပြန်ပြီးမဖတ်ချင်ကြသော မြန်မာဘာသာဖြင့်သာ ကွန်ပျူတာ Hardware အကြောင်း ကိုဖတ်ချင်သော သူများအတွက် အဆင်ပြေမယ်လို့  လည်းယုံကြည်မိပါတယ်..အခန်းလိုက်ကို အွန်လိုင်းမှာလည်းဖတ်လို့ ရ အောင် အိမ်မှာဖတ်ချင်ရင်လည်းဖတ်နိုင်စေရန် pdf file ဖြင့်လည်းယူလို့  ရအောင်ပြုလုပ် ပေးထားပါတယ်.. ဆွေးနွေးပေးမည့် ခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်…
အခန်း (၁) PC OVERVIEW
အခန်း (၂) MICROPROCESSOR
အခန်း (၃) RAM
အခန်း (၄) BIOS AND CMOS
အခန်း (၅) MOTHERBOARD
အခန်း (၆) HARD DISK
အခန်း (၇) POWER SUPPLY
အခန်း (၈) HOW TO WORK CD ROM DRIVE
အခန်း (၉) VIDEO
အခန်း (၁၀) SOUND
အခန်း (၁၁) WINDOWS INSTALLATION
အခန်း (၁၂) HOW TO CHOOSE A COMPUTER TO INSTALL
အခန်း (၁၃) BASIC NETWORKING
ကွန်ပျူတာဆိုတာ
Input /output device တွေက ဘာတွေလဲ…..
အခုhardware device တွေနဲ့ မိတ် ဆက် ပေးမယ်.. စောနကဆွေးနွေးခဲ့တဲ့ထဲမှာကွန်ပျူတာတစ်လုံးမှာ input output processing လို့  ပြောခဲ့ တယ်..အခုကွန်ပျူတာရဲ့ input device တွေကိုလေ့လာမယ် အဲဒါကဘာလဲဆိုတော့ keyboard ရယ် mouse ၇ယ်..mouse မှာနှစ်မျိုးရှိတယ် ps2 mouse usb mouse ဆိုပြီးတော့ရှိတယ် wireless mouse ဆိုတာ ရှိသေးတယ် သူကလဲ usb နဲ့ တပ်ရလို့ usb mouse အမျိုးစားထဲမှာပါဝင်တယ်..ps2 mouse ရဲ့  connector ကိုကြည့်လိုက်ပါ အစိမ်းရောင်ဖြစ်တယ် ဒါက industry standard ဖြစ်တယ် industry standard ဆိုတာဒီ mouse ကိုထုတ်လိုက်တဲ့ company တိုင်းက connector ခေါင်းကို အစိမ်းရောင် အဖြစ်သတ်မှတ်လိုက် တာ..green color ပေါ့ သူ့ မှာ pin 6pin ၇ှိတယ် mini din လို့  ခေါ်တယ်..ဒါဆိုအရင် အစိမ်းရောင်အပေါက်ကိုမြင်လိုက်တာနဲ့  ဒါmouse တပ်တဲ့ connector port ဆိုတာသိသွားပြီ..ps2 ကီးဘုတ်လည်း ဒီအတိုင်းပဲ သူ ကအပြာရောင် blue color ပေါ့ သူလဲ 6pin mini dinconnector ဖြစ်တယ်.ဘာကြောင့်ဒီနေရာမှာ mini din လို့ ပြောနေရလဲဆိုတော့ အရင် AT motherboard တွေမှာတုန်းက ကီးဘုတ်connector အဖြစ် 5 pin Din ဆိုတဲ့connector ခေါင်းအကြီးရှိခဲ့တယ်..နောက်ပိုင်းATX motherboard တွေမှာအားလုံးကို mini Din အဖြစ်ပြောင်း လဲသုံးစွဲခဲ့ကြတာ..အောက်ကပုံတွေမှာလေ့လာနိုင်ပါတယ်..
Mouse တွေရဲ့ နည်းပညာ
Mouse မှာ နည်းပညာနှစ်မျိုးရှိတယ် ဘာလဲဆိုတော့ mechanical mouse နှင့် optical mouse .. ..mechanical mouse ဆိုတာ mechanically အရ x y z ဆိုတဲ့ ဝင်ရိုးသုံးခုကိုအမှီပြုပြီး mouse ရဲ့ အောက်ခြေမှာ track ball လေးတွေကိုထည့်သွင်းအသုံးပြုတာ အဲဒီ track ball လည်တဲ့  အပေါ်မှာမူတည်ပြီး တော့ screen ရဲ့ မျက်နှာပြင်မှာ mouse pointer ကရွေ့ လျားပါတယ်..optical mouse ကျတော့ အလင်းကို sense လုပ်ပြီတော့ monitor ရဲ့ မျက်နှာပြင်မှာ pointerေ၇ွ့ လျားစေတယ်..mechanical mouse က optical mouse နဲ့ စာရင် pointer ကိုတိတိကျကျရွေ့ လျားစေဖို့ နှေးပါတယ်..mouse speed ကို dpi နဲ့ တိုင်းတာတယ် dip speed နည်းတယ်ပေါ့ optical mouse တွေ က mechanical mouseထက်သာတယ် dpi ပို များတယ် ပိုပြီးတော့လျင်လျင်မြန်မြန်လှုပ်ရှားတယ် ခုနောက်ပိုင်းမှာတော့ optical mouse တွေဖြစ်ကုန်ကြပါပြီ.. mechanical mouse တွေကို ကျောင်းတွေ ရုံးတွေမှာတွေ့  နိုင်ပါသေးတယ်..တချို့ အိမ်မှာလည်းတွေ့ တွေ့  နေရပါသေးတယ် အ၇င်တုန်းကဟာတွေပေါ့..
Output devices တွေက ဘာတွေလဲ…
နောက် တို့ input device အကြောင်းပြီးသွားတဲ့ အခါမှာ  output device တွေကိုလေ့လာကြည့်ရအောင်..ကိုယ်လိုချင်တဲ့အချက်အလက်ကို ကီးဘုတ် နဲ့ mouse ကနေသတင်း အချက်အလက်တွေ ရိုက်ထည့်ပြီးလို့ အထဲမှာ microprocessor ကနေတွက်ချက်ပြီးသွားပြီ ကျွန်တော် တို့  ဘာနဲ့  ကြည့်မလဲ..ဘယ်လိုသိမလဲ အဲမှာ output ဆိုတာလိုလာပြီ..monitor က out put ပေါ့မော်နီတာ ကနေ ကြည့်မှကျွန်တော် တို့ မြင်ရမှာပေါ့..
မော်နီတာရဲ့  size ကိုဘယ်လိုတိုင်းတာလဲ….
CRT ပဲဖြစ်ဖြစ် LCD ပဲဖြစ်ဖြစ် သု့ မော်နီတာ size ကို့ လက်မနဲ့ တိုင်းတာတယ် ငါမော်နီတာက 17 လက်မ 19 လက်မ စသဖြင့်တိုင်းတာတယ်..အဲလိုတိုင်းတာတဲ့အခါမှာ monitor size ,viewable image size ဆိုတာရှိတယ် တို့ မော်နီတာတွေကိုတိုင်းတာတဲ့ အခါမှာထောင့်ဖြတ်တိုင်းတာပါတယ်..english လို့ diagonal ပေါ့ဗျာ..အဲလိုတိုင်းတာတဲ့အခါမှာ အတွင်းက ဖန်သားပြင်ကြီးသက်သက်တိုင်းတာတာကို viewable image size လို့  ခေါ်ပြီးတော့ အပြင်ဘက်ကအပေါ်အောက်ထောင့်ဖြတ်တိုင်းတာ တာကိုတော့ monitor size လို့  ခေါ်ပါတယ်…အောက်ကပုံမှာလေ့လာနိုင်ပါတယ်…
LCD မော်နီတာများဟာ CRT monitor တွေထက်အားသာချက်တွေ၇ှိပါတယ် power consumption နည်းတယ်. Radiation ထုတ်လွတ်မှုနည်းတယ် တို့ ပုံမှန်အားဖြင့် CRT မော်နီတာရှေ့ မှာလူတစ်ယောက်ဟာ ကြာရှည်မထိုင်နိုင်ပါဘူး အင်းကြာရှည်ထိုင်ရင်လည်းအဲဒီလူရဲ့ မျက်စိကိုထိခိုက်တတ် တယ်ကွန်ပျူတာသုံး တာကြာ လာတာနဲ့ အမျှပေါ့လေ..LCD ကပိုပြီးတော့အလေးချိန်နည်းတယ် ဒါတွေက lcd တွေရဲ့ အားသာ ချက်လေးတွေပေါ့ ခုနောက်ပိုင်းဆိုရင်တော်တော်များများ LCD သုံးတာများလာကြပါပြီ.. LCD တွေက ဈေးကတော့ CRT တွေထက်များတယ်.. LCD မော်နီတာတစ်လုံးကို တစ်သိန်းဝန်းကျင်အနည်းဆုံးရှိပြီးတော့ CRT မော်နီတာ တွေက တော့အနည်းဆုံး 5သောင်းတန်နဲ့ အထက်တော့ရှိမယ်ထင်တယ်..မော်နီတာ မှာ data ကြိုးနဲ့  ပါဝါကြိုးဆိုပြီး တော့ရှိတယ် monitor သီးသန့် ပါဝါပေးရပါတယ် ups နဲ့ ခံပြီးသုံးတယ်ဆိုပေမဲ့ ပါဝါက သတ်သတ် စီသုံးတာဖြစ်တယ် မော်နီတာအတွက်သပ်သပ် ကွန်ပျူတာအတွက်သပ်သပ်စီဖြစ်တယ်..data ကြိုးကတော မားသားဘုတ်ရဲ့ DB connector ဒါမှမဟုတ် dvi connector စတာနဲ့ဆက်တယ် DB connector တွေက 15 pin 3rows ဖြစ်ပြီးတော့ dvi connector တွေက25 pin 3rows ဖြစ်ပါတယ် DB 15pin တွေက အပြာရောင် နဲ့ motherboard မှာ femal ငုတ်အနေနဲ့ လာပါတယ် dvi connector တွေကတော့အ၀ါ ဖျော့ ရောင်အဖြူေ၇ာင် အနက်ရောင် စတာတွေနဲ့လာတတ်ပါတယ်.. ခုနောက်ပိုင်းတော်တော်များများ ဒီ vga card တွေထုတ်လာတာနဲ့ အမျှနှစ်မျိုးစလုံးသုံးလို့ ရအောင်ထုတ်ထားတာကိုတွေ့ လာရတယ်..dvi က DB connector တွေထက်ပိုပြီးတော့ resolution ပိုကောင်းတယ်..ဘာကြောင့်အဲလိုကွာသွားလဲဆိုတော့ သူက digital /analog signal processing ကြောင့် ပိုပြီးတော့resolution ပိုကောင်းပါတယ်..PC တစ်လုံးမိတ်ဆက်အနေနဲ့ ဒီအခန်းလေးကိုဒီမှာနားကြရအောင်…
ဆွေးနွေးချက် အနှစ်ချူပ်
၂။ software ဆိုတာ set of instruction that tell a computer what to do ကွန်ပျူတာကိုဘာလုပ်ခိုင်းစေချင်တယ်ဆိုတဲ့ အမိန့် အစုအဝေးတွေကို software လို့  ခေါ်တယ်..
၃။ firmware ဆိုတာဘာကိုပြောလဲဆိုတော့ hardware နဲ့  software ပေါင်းစပ်ထားတာကိုခေါ်တာ
၎။ Mouse မှာ နည်းပညာနှစ်မျိုးရှိတယ် ဘာလဲဆိုတော့ mechanical mouse နှင့် optical mouse
၅။ မော်နီတာ မှာနှစ်မျိုးနှစ်စားရှိတယ် CRT  AND LCD ပါ.….CRT ဆိုတာ cathode ray tube နဲ့ လုပ်ထားတဲ့  monitor ဖြစ်တယ်
၇။ LCD မော်နီတာများဟာ CRT monitor တွေထက်အားသာချက်တွေ၇ှိပါတယ် power consumption နည်းတယ်. Radiation ထုတ်လွတ်မှုနည်းတယ် တို့ ပုံမှန်အားဖြင့် CRT မော်နီတာရှေ့ မှာလူတစ်ယောက်ဟာ ကြာရှည်မထိုင်နိုင်ပါဘူး အင်း....ကြာရှည်ထိုင်ရင်လည်းအဲဒီလူရဲ့ မျက်စိကိုထိခိုက်တတ်တယ်…
၈။မော်နီတာ မှာ data ကြိုးနဲ့  ပါဝါကြိုးဆိုပြီး တော့ရှိတယ် monitor ကိုသီးသန့် ပါဝါပေးရပါတယ်…
အဆင်ပြေပြေလေ့လာနိုင်ကြပါစေ…
ဆွေးနွေးချက်အား pdf ဖိုင်အဖြစ် ရယူချင်ပါက ဒီနေရာ တွင်ဒေါင်းနိုင်ပါတယ်
ကိုစံငြိမ်း
(10.2.2011)
Note
Tuesday 17 January 2012
ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများထိန်းသိမ်းခြင်းနည်းလမ်းကောင်းများ
1 Vote
ယေဘုယျကွန်ပျူတာကိုထိန်းသိမ်းခြင်းနည်းလမ်းကောင်းများမှာ-
(၁) Folderတစ်ခုတည်းမှာ သင်အလုပ်လုပ် ထားတဲ့ files အားလုံးကို သိမ်းထား သင့်ပါတဃ်။ My document folder ကို files တွေ သိမ်းထားဖို့ အတွက် ရည်ရွယ် ထားရှိပါတဃ်။ သင့်ရဲ files အားလုံးကိုနေရာ တစ်ခုထဲမှာ ထိန်းသိမ်းထားခြင်း ဟာအကျိုးကျေးဇူး အများကြီး ရရှိနိုင်ပါတယ်။ ပထမတစ်ခုက သင်ဟာ သင်ရဲ့ files အားလုံးကို ဘယ်နေရာမှာ ရှိလည်းဆိုတာ သိမယ်။ ဒုတိယအချက်က Folders တစ်ခုတည်းမှာ ရှိတဲ့အတွက် လိုအပ်တဲ့အချက်ကို အလွယ်တကူ ချက်ချင်းပြန်ခေါ် သုံးနိုင်ပါတယ်။ တတိယ အချက်က နေရာ တစ်ခုထဲမှာ ထိန်းသိမ်းထားခြင်းကြာင့် သင်၏ စက်ဟာ အမြန်ဆုံး run နိုင်ပါလိမ့်မယ်။
(၂) ကွန်ပျူတာထဲမှာ ရှိနေတဲ့သင်၏ personal files တွေကို c-drive ထဲမှာ သိမ်းမထားသင့်ပါဘူး ။ သင်ဟာကြီးမားတဲ့ files တွေကို c-drive ရဲ့ root အောက်ထဲမှာ သိမ်းထားခဲ့မယ် ဆိုရင် သင်ဟာ computer ကိုဖွင့်တဲ့အခါ error message ပြပါလိမ့်မယ်။
(၃) သင်ဟာ ကွန်ပျူတာထဲမှာ အသုံးမပြုတော့တဲ့ program တွေကိုပြန်ဖျက်ရမယ်။ အောက်ပါနည်းအတိုင်း program တွေကို ဖျက်လို့ရပါတယ်။ Start->control panel->Add or Remove Program->Find the program ->Remove button ကို click နှိပ်ပါ။
(၄) ကွန်ပျူတာထဲမှာ ကိုယ်မလိုချင်တဲ့ Disk-Drive တွေ အောက်ပါနည်းအတိုင်း ဖယ်ရှားနိုင်ပါ တယ်။ Start > Accessories > System Tools > Disk Cleanup
• Select the drive you want to clean. When it has finished, select the items that you no longer want.
(၅) ကွန်ပျူတာသည် မီးအားအတက်အကျကြောင့် Data များ ပျက်စီးချင်းမှကာကွယ် ရန်အတွက် UPS (Uninterpretable Power Supply) ခံသုံးခြင်းကို အသုံးပြုသင့်ပါတယ်။ ကွန်ပျူတာကိုထိန်းသိမ်းချင်းပြုလုပ်ရမည့်အချက်များ နေ့စဉ်ကွန်ပျူတာကိုထိန်းသိမ်းချင်းပြုလုပ်ရမည့်အချက်များ- Anti-spyware တွေ ကိုနေ့စဉ် Scan ဖတ်ရမယ် ၊ Update လုပ်ရပါမယ် ။ သင်ဟာ Flash- drive ထဲကတစ်ခုခုကို change မယ်ဆိုရင် သင့်ရဲ. Critical filesကို backup လုပ်ထားသင့်တယ်။
အပတ်စဉ်ကွန်ပျူတာထိန်းသိမ်းခြင်းပြုလုပ်ရမည့်အချက်များ-
Anti-virus နှင့် Anti-spyware ၏ နောက်ဆုံးထွက်တဲ့ definitions၊ program တွေကို scan ဖတ်ခြင်း ၊ Update လုပ်ခြင်းများပြုလုပ်ရပါမယ်။ သင့်ရဲ့ ကွန်ပျူတာကို အချိန်တိုင်း ဖွင့်သုံးမယ် ဆိုရင် RAMကို reset ပြန်လုပ်ရမယ်။ အဲဒီလိုလုပ်မှသာ ကွန်ပျူတာကိုကောင်းကောင်း run နိုင်ပါမယ်။ လစဉ် ကွန်ပျူတာထိန်းသိမ်းခြင်းပြုလုပ်ရမည့်အချက်များ- သင့်ရဲ့ ယာယီ Internet file ၊ Temp file တွေကို အမြဲ clean လုပ်ပေးရမယ်။ သင် email သုံးခဲ့လျှင် သင့် email ရဲ့ Inbox နှင့် Sent box ကို clean လုပ်ပေးရမယ်။ သုံးလတစ်ကြိမ် ကွန်ပျူတာထိန်းသိမ်းခြင်းပြုလုပ်ရမည့်အချက်များ- သင့်ရဲ့ Password ကို သုံးလတစ်ကြိမ် ပြောင်းသုံးသင့်ပါတယ်။သင့်ရဲ့ ကွန်ပျူတာ cables တွေကိုကောင်းမကောင်း၊ plug တပ်ဆင်မှု တိကျမူ ရှိမရှိကိုလည်း စစ်ဆေးမှုများကိုပြု လုပ်သင့်ပါတယ်။သင့်ရဲ့ ကွန်ပျူတာ မှာ Disk-Drive error များရှိခဲ့ရင် အောက်ပါနည်းအတိုင် စစ်ဆေးမှုများကိုပြုလုပ်နိုင်ပါတယ်။
To run a check disk manually on your C:
1. Click Start, select Run.
2. In the box, type cmd and click Ok. In the black DOS window, type: chkdsk c: /f (The /f command automatically fixes any errors encountered.
3. Go to Start, Shutdown, and restart the computer. When the computer restarts, it will run chkdsk automatically. The Check Disk process could take over an hour, so schedule this when you have something else non-computer related to do. On rebooting the PC, you will see a window that shows the progress of the disk check. When it’s finished,, it will boot back to the normal version of Windows.
ကွန်ပျူတာကိုသန့်ရှင်းအောင်ပြုလုပ်ရာတွင် လိုက်နာရန် နည်းလမ်း အမျိုးမျိုး
- ကွန်ပျုတာရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို spray တို့ ရေတို့ လုံးဝမထိရပါဘူး။
- Spray ဖျန်းဖို့လိုအပ်ခဲ့ရင် အ၀တ်စလေးကို အရင်spray စွတ်ပြီးမှသာ ကွန်ပျူတာရဲ့အစိတ်အပိုင်း တစ်ခုချင်းစီကို နူးညံ့စွာ သန့်ရှင်းပေးရပါမယ်။
- ကွန်ပျူတာရဲ့အစိတ်အပိုင်း တွေကို သန့်ရှင်းတော့မယ်ဆိုရင် မလုပ်ခင်မှာ စက်အားလုံးကို ပိတ်ထားရပါမယ်။
အမေး = ညီလေးတစ်ယောက်က အကို windows 7 နဲ့ Hard Disk - Usb ကိုဘယ်လိုလော့ချမလဲ သိရင်ပြောပြပေးပါလားတဲ့
အဖြေ = ညီလေးရေ ညီလေးသိချင်တဲ့ window 7 နဲ့ Hard Disk - usb လော့ချတဲ့နည်း ရေးပေးလိုက်ပါပြီ သေချာဖတ်ပြီး စမ်းကြည့်ပေါ့ ကဲညီလေးရော စာဖတ်သူတွေရော စိတ်ဝင်စားရင် အောက်ပါအတိုင်းလိုက်လုပ်ပါ။
၁။ အရင်ဆုံး Control Panel ဝင်လိုက်ပါ ပြီးရင် ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး Large icons ကို ကလစ်လိုက်ပါ
၂။ BitLocker Drive Encryption ကိုရှာပါ တွေ့ရင် ကလစ်လိုက်ပါ
၃။ ကိုလော့ချင်တဲ့ Disk Drives ကိုရွေးပြီး Turn on bitLocker ကို ကလစ်လိုက်ပါ
၎။ ပေါ်လာမယ့် ဝင်းဒိုးမှာ Use a password to unlock the drive ကို အမှတ်ခြစ်ပေးလိုက်ပါ
၅။ Type your password: နဲ့ Retype your password: မှာ password ကိုဖြည့်ပေးလိုက်ပါ နှစ်ခုလုံး အတူတူဖြည့်ပေရမှာ ဖြစ်ပါတယ် ဆိုလိုတာက (Type your password: မှာ 123456 ဆိုရင် Retype your password: မှာ 123456) အဲ့လိုဖြည့်ပေရမှာဖြစ်ပါတယ် password ကတော့ ကိုမှတ်ရလွယ်တဲ့ password ဖြည့်လိုက်ပါ ကြိုက်တာဖြည့်နိုင်ပါတယ် မမေ့ဖို့လိုပါတယ် မေ့နေရင်တော့ ......? သိတယ်နော်
၆။ ပြီးရင် Next ကိုကလစ်ပါ ပြီးရင် Save the recovery key to a file ကို ကလစ်လိုက်ပါ
၇။ Text Files လေးကို ကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ Save ကိုကလစ်ပါ ပြီးရင် Next ကိုကလစ်ပါ
၈။ ပေါ်လာမယ့် ဝင်းဒိုးမှာ Start Encrypting ကိုကလစ်လိုက်ပါ Encrypting လုပ်နေတာတွေ့ရပါလိမ့်မယ်
Encrypting လုပ်နေတာပြီးအောင်စောင့်လိုက်ပါ ပြီးရင်တော့ အိုကေပြီပေါ့ စမ်းကြည့်လိုက်ပါ။
ကျွန်တော် ကြိုပြီးတော့ Unlock Drive သော့ပြန်ဖြုတ်တဲ့ နည်းပါရေးပေးလိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းပေါ့ Lock ချတဲ့နည်းပြောပြီးရင် Unlock ပြန်ပြီးဖြုတ်တဲ့ နည်းလေး ပြန်မေးလာမှာ သေချာလို့ပါ ဒါကြောင့် တစ်ခါတည်း ရေးပေးလိုက်ပါတယ် ဖြုတ်ချင်တဲ့ Usb ကိုထိုးလိုက်ပါ ပြီးရင် အောက်ကအတိုင်း လိုက်လုပ်ပါ။
၁။ Control Panel ပြန်ဝင်လိုက်ပါ ပြီးရင် ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး
၂။ Large icons ကို ကလစ်လိုက်ပါ ပြီးရင် BitLocker Drive Encryption ကိုရှာပါ တွေ့ရင် ကလစ်လိုက်ပါ
၃။ လော့ပြန်ဖြုတ်ချင်တဲ့ Disk Drives ကိုရွေးပြီး Unlock Drive ကို ကလစ်လိုက်ပါ
၎။ ပေါ်လာမည့်ဝင်းဒိုးမှာ ကိုပေးထားတဲ့ password ပြန်ဖြည့်ပြီး Unlock ကိုကလစ်လိုက်ပါ
၅။ ပြီးရင် ခုဏကနေရာမှာ Turn Off BitLocker ကိုကလစ်လိုက်ပါ Turn Off BitLocker ဆိုတဲ့ ဝင်းဒိုးပေါ်လာပါမယ် အဲ့မှာ Decrypt Drive ကိုကလစ်လိုက်ပါ Dectypting လုပ်နေတာကို ပြီးအောင် စောင့်လိုက်ပါ။
အကယ်၍ Usb ထိုးလိုက်ပြီး (Auto Run သို့မဟုတ် My Computer) ကနေဝင်ပြီး သော့ဖွင့်ခဲ့မယ်ဆိုရင် အပေါ်က (၃။) နဲ့ (၄။) အတိုင်း လိုက်လုပ်စရာ မလိုတော့ပါဘူး တခါတည်း (၅။) ကအတိုင်းလုပ်လိုက်ပါ ကဲဗျာ ဒီလောက်ဆို လုံလောက်ပြီလို့ ကျွန်တော်ထင်ပါတယ် သေချာဖတ်ပြီး လုပ်ကြည့်ပါ အဆင်ပြေမယ်လို့ထင်ပါတယ်။