Thursday 4 October 2012




Android ဖုန်း/Tablet များကို reboot တစ်ခါပြုလုပ်ခြင်းဟာ ဖုန်းထဲမှာ run နေတဲ့ memory , task များကိုလျော့ကျသွားစေပြီးဖုန်းကိုပြန်လည်သွက်လက်လာစေပါတယ်။ အခုပေးမယ့် Fast Reboot Pro လေးဟာဖုန်းကိုအမြန်ဆုံး reboot ကျအောင်စွမ်းဆောင်ပေးနိုင်သလို reboot လုပ်ချင်တဲ့အချိန်ကိုလည်း alarm သဘောမျိုးသတ်မှတ်ပေးထားနိုင်ပါသေးတယ်။ ရှိထားသင့်တဲ့ application လေးပါ။ ဒီ app လေးကို Google play မှာ ၁.၄၉ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile App Store မှာတော့ freedownload ရယူနိုင်ပါတယ်။
Fast Reboot Pro v3.6 for Android အားရယူရန်



Sunday 15 July 2012

Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း

Views
စလုံးအကြီးအသေးပြောင်းရန်
Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း
 [ စိုင်းစိုင်း: အစ်ကိုရေ Huawei ဖုန်းတွေ root နဲ့ myanmar font ထည့်ချင်ရင်ကော ပြောပြပေးပါလား ]
ကျနော့ မှာ Huawei ဖုံး မရှိတဲ့ အတွက် ကိုယ်တိုင် ရှင်းမပြနိုင်ပါဘူး...:)  
ဒါပေမဲ့.... ကျနော် ကိုယ်တိုင် စမ်းသပ် ထားတာ မဟုတ်သည့်တိုင်... နားလည် တတ်ကျွမ်းတဲ့ ဆရာ့ ဆရာတွေ ရေးသား ထားသမျှတွေကို အများ အကျိုးအတွက် မွှေနှောက်ရှာဖွေပြီး ပြန်လည်မျှဝေ လိုက်ပါတယ်...။ ဓာတ်ပုံ ကိုတော့ ပို့စ်လေးနဲ့ တူအောင် Google ကနေ ခိုးပြီး တင်ပေးလိုက်တာပါ...:D

CDMA 800MHz ဖုန်းများဖြစ်သော Huawei C8500, C8600 ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းအသုံးပြုလိုသူများအတွက် ထည့်သွင်းနည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ထည့်သွင်းအသုံးပြုရန် လိုအပ်သော Installer များကတော့ z4 root, FontChangerLite နှင့် MyanDroid Keyboard စသည်တို့လိုအပ်ပါတယ်။ FontChanger အတွင်း သို့ ထည့်သွင်းရန် Myanmar Unicode.ttf နှင့် Zawgyi.ttf စသည့် Font များလည်း လိုအပ်ပါတယ်။ Software များကို ဖုန်းအတွင်းသို့ Install မပြုလုပ်ခင် ပထမဦးစွာ ဖုန်းအတွင်းရှိ Setting ထဲမှ Applications အတွင်းသို့ဝင်ပြီး Unknown Sources ကို အမှန်ခြစ်ပေးရပါမည်။ ထို့ပြင် Applications ထဲမှ Development ထဲဝင်ပြီး USB debugging ကိုလည်း အမှန်ခြစ်ပေးရပါမည်။ ဖုန်းကို Root ပြုလုပ်ခြင်း Software ထည့်သွင်းရာတွင် z4 root ကို အရင်ဆုံး Install ပြုလုပ်ရမည်ဖြစ်သည်။ ပြီးနောက် z4 root အတွင်းသို့ဝင်ပါ။ Superuser Request ပေါ်လာလျှင် Remember ကို အမှန်ခြစ်ပြီး Allow ကိုနှပ်ပါ။ ပြီးနောက် Root ကို ရွေးချယ်ပေးရပါမည်။ ထိုအခါ ဖုန်းကို Root လုပ်ပြီး ဖုန်းမှာ Restart ကျသွားမည်ဖြစ်သည်။ ဖုန်းပြန်ပွင့်လာပါက Root လုပ်ခြင်း ပြီးဆုံးမည်ဖြစ်သည်။ FontChanger Life ထည့်သွင်းခြင်း Root လုပ်ခြင်းပြီးဆုံးပါက FontChangerLite Software ကို Install ပြုလုပ်ရပါမည်။ ဖုန်းအတွင်းသို့ FontChangerLite Software ကို ထည့်သွင်းပြီးပါက ဖုန်းကို Computer ဖြင့် ချိတ်ဆက်ပြီး SD Card အတွင်းသို့ ၀င်ကြည့်ပါက FontChanger ကိုတွေ့မြင်ရပြီး ထို FontChanger အတွင်းသို့ မြန်မာစာ Font များဖြစ်သည့် Myanmar Unicode.ttf နှင့် Zawgyi.ttf ကို ထည့်သွင်းပေးရပါမည်။ ပြီးနောက် Computer နှင့် ချိတ်ဆက်မှုကိုဖြုတ်၍ ဖုန်းအတွင်းရှိ Font Changer Lite အတွင်းသို့ဝင်ကြည့်ပါက ထည့်သွင်းထားသော Fonts နှစ်ခုကို တွေ့မြင်ရပါ မည်။ ကြိုက်နှစ်သက်ရာ Font ကို ရွေးချယ်နိုင်ပါတယ်။ MyanDroid Keyboard ထည့်သွင်းအသုံးပြုခြင်း FontChanger Lite အတွင်း Font ကို ရွေးချယ်ပြီးပါက MyanDroid Keyboard Software ကို Install ပြုလုပ်ရပါမည်။ Keyboard ကို ထည့်သွင်းပြီးပါက ဖုန်း Setting အတွင်းရှိ Language & Keyboard အတွင်းသို့ဝင်ပြီး MyanDroid Soft Keyboard ကို အမှန်ခြစ် ပေးရပါမည်။ အထပ်ပါလုပ်ဆောင်ချက်များ အားလုံးပြုလုပ်ပြီးပါက ဖုန်းအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းခြင်း ပြီးဆုံးမည်ဖြစ်ပါတယ်။ မြန်မာစာ Keyboard ကို အသုံးပြုရန် Browser (သို့) Message ပို့သော နေရာသို့သွားပြီး Android Keyboard ပေါ်ရှိ ( ?123 ) ခလုပ် (သို့) စာတန်းပေါ်သော နေရာလွတ်ကို ဖိနှိပ်ထားပါ။ Keyboard Menu ပေါ်လာလျှင် Input Method ကို နှိပ်၍ MyanDroid Soft Keyboard ကို ရွေးချယ်ပေးပါက မြန်မာစာ လက်ကွက်ဖြင့် ရိုက်နှိပ်နိုင်သော Keyboard ပေါ်လာပြီး စတင်အသုံးပြု နိုင်မည်ဖြစ်သည်။ 
 လိုအပ်တဲ့ ဆော့ဝဲလ် တွေကိုတော့ ပေးထားတဲ့ လင့်မှာ ဒေါင်းမရလို့.... ရှာဖွေပြီး တင်ပေးလိုက်ပါတယ်..။  အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။


အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တ
မြန်မာ Mobile App မှာတင်ထားတဲ့ Android application တွေကိုဖုန်းထဲကနေ တိုက်ရိုက် download လုပ်ဖို့အတွက် ဒီ Android application လေးကိုထုတ်ဝေလိုက်ပါတယ်။ မြန်မာ Mobile App Website ထဲကိုဝင်စရာမလိုဘဲ Site မှာတင်ထားတဲ့ app တွေကို ဖုန်းထဲကနေတိုက်ရိုက် download လုပ်နိုင်ဖို့ရည်ရွယ်ပါတယ်။

ဒီ application လေးကိုဖုန်းထဲမှာသွင်းထားပြီး မိမိဖုန်းမှာ Wifi/3G အင်တာနက်ကွန်နက်ရှင်ရှိမယ်ဆိုရင် မြန်မာ Mobile App မှာတင်ထားတဲ့ app တွေကို ဖုန်းထဲကနေ direct download လုပ်နိုင်ပါပြီ။
ဒီ application မှ ဖုန်းဆော့ဝဲတစ်ခုချင်းစီရဲ့ အကြောင်းအရာများ ၊ စာများကို မြန်မာဘာသာနဲ့ရေးသားထားတဲ့အတွက် မြန်မာစာဖတ်ရှုနိုင်ဖို့ မိမိဖုန်းဟာ မြန်မာဖောင့်သွင်းထားပြီးဖြစ်ရပါမယ်။ မြန်မာဖောင့်မသွင်းရသေးတဲ့ဖုန်းဆိုရင်တော့ ဒီ application ထဲက မြန်မာစာများကိုမြင်ရမှာမဟုတ်ပါဘူး။
မြန်မာ Mobile App Viewer for Android ကိုအောက်က ကြိုက်နှစ်သက်ရာ link မှ download ရယူနိုင်ပါတယ်။

မြန်မာ Mobile App Viewer for Android အားရယူရန်(Dropbox link)
မြန်မာ Mobile App Viewer for Android အားရယူရန်(Minus link)
မြန်မာ Mobile App Viewer for Android အားရယူရန်(Ziddu link)

MMAS Viewer သုံးပုံသုံးနည်း
-မြန်မာ Mobile App Viewer ဆော့ဝဲကိုလည်းသွင်းပြီး ဖုန်းကို အင်တာနက်ကွန်နက်ရှင်လည်းချိတ်ထားပြီးလို့ ဆော့ဝဲထဲကိုဝင်ကြည့်တာ application တစ်ခုမှ မတွေ့ရတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့တယ်ဆိုရင် ဖုန်းရဲ့ setting => Applications => Manage Applications ထဲကိုဝင်ပြီး MMAS Viewer ထဲကိုဝင်ပါ။ အောက်ပုံအတိုင်းပါ။

-Clear data ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ပြီးလျှင် မြန်မာ Mobile App Viewer ဆော့ဝဲထဲကိုပြန်ဝင်ကြည့်ပါက တင်ထားသော application များကိုတွေ့ရပါလိမ့်မယ်။
 0 00ShareNew

Android ဖုန်းတွေ အတွက် မြန်မာ font နှင့် keyboard သွင်းနည်း


ဒီတစ်ခါတော့ Android ဖုန်းတွေအတွက် မြန်မာ font နဲ့  keyboard သွင်းနည်း တင်ပေးလိုက်ပါတယ်။ မြန်မာ font သွင်းဖို့ အတွက် အရင်ဆုံး သင့်ရဲ့ ဖုန်းဟာ root လုပ်ပြီးသား ဖြစ်ရပါမယ်။ Root မလုပ်ဘဲနဲ့  မြန်မာ font သွင်းလို့ မရပါဘူး။ Root လုပ်နည်းတွေကိုလဲ ဒီ blog လေးမှာ တင်ပေးထားပြီးသားပါ။






လိုအပ်တဲ့ files တွေကို အရင် Download ဆွဲလိုက်အုံး။ ပြီးရင် ကျွန်တော် ထုံးစံအတိုင်း step by step ရှင်းပြသွားပါမယ်... :)

Download MMFontForAndroid.rar

1. အရင်ဆုံး ကျွန်တော်ပေးထားတဲ့ rar file လေးကို extract လုပ်လိုက်ပါ။ APK File သုံးခုနဲ့ အတူ Zawgyi-One.tff ဆိုတာ ထွက်လာလိမ့်မယ်။ အဲဒါတွေအားလုံးကို ဖုန်းရဲ့  Memory Card ထဲထည့်လိုက်ပါ။

2. ပြီးရင် FontChanger.apk လေးကို ဖုန်းမှာ install လိုက်လိုက်ပါ။ Super user request လာတောင်းရင် Allow ပေးလိုက်ပါ။ FontChanger ကို install လုပ်ပြီးရင် မိမိရဲ့  ဖုန်း Memory Card ထဲမှာ .fontchanger ဆိုတဲ့ folder လေးတစ်ခု တိုးလာလိမ့်မယ်။

အဲဒီ Folder ထဲကို Zawgyi-One.tff file ကို File Manager နဲ့ပဲဖြစ်ဖြစ်၊ ကွန်ပျူတာမှနေတစ်ဆင့် ဖြစ်စေ အဆင်ပြေတဲ့နည်းနဲ့  copy ကူးထည့်လိုက်ပါ။

3. ပြီးရင် ဖုန်းမှာ FontChanger App လေးကိုဖွင့်လိုက်ပါ။ အဲဒီ App ထဲမှာ Zawgyi One ဆိုပြီး တွေ့ ရလိမ့်မယ်။








































4. Font Changer App ထဲမှာZawgyi-One ကိုရွေးပေးလိုက်ပါ။ ပြီးရင် Apply ကိုနှိပ်လိုက်ပါ။







































5. Reboot လုပ်ခိုင်းပါလိမ့်မယ်။ reboot လုပ်ပြီးပါက သင့်ဖုန်းရဲ့  System Font ဟာ Zawgyi-One ဖြစ်သွားပါပြီ။ Zawgyi Font သုံးထားတဲ့ website တွေကိုလဲ အဆင်ပြေစွာ ကြည့်ရှုနိင်ပါလိမ့်မယ်။







































6. Font သွင်းပြီးသွားပြီ ဆိုတော့ ဒီတစ်ခါ keyboard အလှည့်ပါ။ မြန်မာ စာရိုက်နိင်ဖို့ အတွက် Myanmar Keyboard သွင်းရပါမယ်။ ကျွန်တော်ပေးထားတဲ့ rar file ထဲမှာ MyanDroid Soft Keyboard နဲ့ iTextMM Keyboard နှစ်ခု ပါ ပါတယ်။ နှစ်ခုစလုံးက  မြန်မာ keyboard တွေပါပဲ။ အဲဒီ နှစ်ခုလုံးကို install လုပ်လိုက်ပါ။ ပြီးရင် Settings >> Language & Keyboard >> MyanDroid Soft Keyboard နဲ့  iTextMM Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ Keyboard ပြောင်းချင်ရင်တော့ Input Method ကနေသွားပြောင်းလို့ ရပါတယ်။ အားလုံးလဲ သိကြမယ်ထင်ပါတယ်။ အသေးစိတ်မရေးတော့ပါဘူး။
ကျွန်တော်ကတော့ iTextMM ကိုပိုကြိုက်တယ်။ သူက Prediction ပါတယ်ဆိုတော့ စာရိုက်ရတာ ပိုအဆင်ပြေတယ်။
ကျွန်တော်ပြောတဲ့ step တွေအားလုံး လုပ်ပြီးသွားရင်တော့ သင့်ဖုန်းဟာ Myanmar Font နဲ့  Myanmar Keyboard ပါ ရရှိသွားပါပြီ။  Contacts တွေ SMS တွေအားလုံး မြန်မာလို ဖတ်လို့ ၊ ရိုက်လို့ ရသွားပါပြီ။







































အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.... :)

Huawei C8800 ကို Version 2.x.x ကနေ 2.3.6 ကို မြင့် [Copy link]



Rank: 1
Real Name
winaung
Gold
39
Posts
49
Topics
35
Read Permissions
10
Jump to specific floor
1
Post on 2012-07-05 02:07:29 PM |View winaung's posts |DESC
  • အရင်ဆုံး အောက်က ဖိုင်နှစ်ခုကို Download ဆွဲလိုက်ပါ။
  • C8800 ROM 2.3.6    - HERE
  • Recovery For C8800 - HERE
  • ဆွဲပြီးပြီဆိုရင်တော့ မိမိဖုန်းမှာ လိုအပ်တဲ့ App တွေ Message တွေ Contact တွေကို Backup လုပ်ထားပါ။ပြီးရင်တော့ Desktop ပေါ်မှာဖြစ်စေ၊ Laptop ပေါ်မှာဖြစ်စေ သိမ်းထားပါ။
  • အားလုံး ပြီးပြီဆိုရင်တော့ မိမိဖုန်းရဲ့ SD Card ကို Format ချပေးပါ။ ပြီးရင် ခုနက Download ဆွဲထားတဲ့ ပထမဆုံး ဖိုင်ကို SD Card ထဲထည့်ပေးပါ။ ( မှတ်ချက် ။   ။ Zip ဖိုင်အတိုင်းထည့်ပါ။ ) ထည့်ပြီးလျှင် ထို Zip ဖိုင်ကို update.zip လို့ပြန်ပြောင်းပေးပါ။
  • ပြီးလျှင် မိမိဖုန်းကို Power ပိတ်လိုက်ပါ။
  • Volume Down + Power ကို ကြာကြာဖိထားပါ။ Huawei Logo မှာ ရပ်နေပါလိမ့်မယ်။  ဒါဆို First Mode ၀င်ပါပြီ။
  • ဒါဆို ခုနက Download ချထားတဲ့ ဒုတိယဖိုင် ကို ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် အစိမ်းရောင် background နဲ့ တရုတ်စာတွေ ရှိနေပါလိမ့်မယ်။
  • ပြီးလျှင် မိမိဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။
  • ချိတ်ပြီးလျှင် ခုနက တရုတ်စာတွေရှိနေတဲ့ နေရာမှာ Enter ခေါက်လိုက်ပါ။ Enter ၃၊၄ ချက်လောက်ခေါက် သွားပါ။ ပြီးလျှင် အစိမ်းရောင်နေရာမှာ Rebooting ဆိုတာ ပေါ်လာပါမယ်။ ဒါဆို ဖုန်းကသူ့ကသူ Auto Reboot လုပ်သွားပါမယ်။ မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်ထားတာ ဖြုတ်လိုက်ပါ။
  • Recovery Mode ကို ၀င်ဖို့အတွက် Power+ Volume Up ကို တစ်ပြိုင်တည်း ဖိထားပါ။
  • ဒါဆို Recovery Mode တက်လာပါမည်။ update ပါတဲ့ဟာ ကိုရွေးပေးပါ။
  • ထို့နောက် ထပ်ပေါ်လာတဲ့ update ပါတဲ့ဟာကို ထပ်ရွှေးပေးပါ။
  • သူ့ကသူ လုပ်နေပါလိမ့်မယ်။ ပြီးလျှင် Recovery Mode ပြန်တက်လာပါမယ်။ ပြန်တက်လာရင် အပေါ်ဆုံးက ဟာကိုရွေးပေးလိုက်ပါ။  Reboot ပြန်ကျသွားပါမယ်။
  • ပြန်တက်လာတဲ့အချိန်မှာ မိမိဖုန်းဟာ  Huawei Logo မှာ ရပ်လိုက် ပြန်ကျလိုက် ဖြစ်နေပါမည်။ ခဏစောင့်လိုက်ပါ။ နည်းနည်းတော့ ကြာပါတယ်။ ကျွန်တော်တော့ 30 မိနစ်ကျော်ကျော်လောက် စောင့်လိုက်ရပါတယ်။
  • ရပြီဆို သူရွေးခိုင်းပါမယ်။ ညာဘက်က ဟာကိုပဲ ရွေးပေးပါ။  ဒါဆိုရင် မိမိဖုန်းဟာ 2.3.6 သို့မြှင့်ပြီးပြီဖြစ်ပါတယ်။
  • ဟုတ်မဟုတ်ကို Setting > About Phone ကိုဝင်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။



  • မိမိဖုန်းဟာ ROOT လုပ်ဖို့မလိုတော့ပါ။ ROOT ပါလုပ်ပြီးသားဖြစ်သွားပါပြီ။ အားလုံးအဆင်ပြေကြပါစေ။





Developer Name-Pyae Phyo Shein
(Adobe Coldfusion Developer)
Android ဖုန်းတွေအတွက် အင်္ဂလိပ်-မြန်မာ အဘိဓာန် Planet Myanmar Dictionary ကိုတင်ပေးလိုက်ပါတယ်။
သုံးလို့ကောင်းတဲ့ Dictionary လေးတစ်ခုပါပဲ။ ဒီဇိုင်းလေးကလည်း နှစ်သက်ဖွယ်ဖြစ်ပါတယ်။
အောက်မှာရယူနိုင်ပါတယ်။

oot လုပ်စရာမလို မြန်မာ Font သွင်းစရာမလိုဘဲ Android ဖုန်း/Tablet ထဲမှာ


Root လုပ်စရာမလို မြန်မာ Font သွင်းစရာမလိုဘဲ Android ဖုန်း/Tablet ထဲမှာ Facebook သုံးတာတို့ Website ကြည့်တာတို့မှာ မြန်မာစာ နဲ့မြင်ရစေမယ့် 1st Myanamr Browser for Android ထွက်ရှိလို့လာပါပြီ။ iPhone/iPad တွေမှာ Jailbreak လုပ်စရာမလိုဘဲ မြန်မာစာမြင်ရစေတဲ့ မြန်မာ Browser တွေအများကြီးရှိပေမယ့် Android အတွက်တော့ ဒီ application လေးက ပထမဆုံးဖြစ်ပါတယ်။ ဒီ Browser လေးနဲ့Facebook သုံးရာမှာလည်း Root လုပ်စရာမလို ၊ ဘာမြန်မာဖောင့်မှသွင်းစရာမလိုဘဲ မြန်မာလိုမြင်နိုင်တာကိုတွေ့ရမှာပါ။ ဒီ Browser လေးက ဇော်ဂျီဖောင့်နဲ့ Win-Innwa ဖောင့်နှစ်မျိုးကို Support လုပ်ပါတယ်။
Website တွေကိုကြည့်ရာမှာလည်း မြန်မာစာကိုအဆင်ပြေပြေမြင်နိုင်တာကိုတွေ့ရပါတယ်။
Flash ကိုအထောက်အပံပေးနိုင်ခြင်း နဲ့ တခြား browser နဲ့ကြည့်ရှုထားတဲ့ Browser Bookmarks တွေကို ဒီ Browser ထဲမှာ import လုပ်ပြီးကြည့်နိုင်ခြင်းဟာလည်း တော်တော်ကောင်းမွန်တဲ့အချက်တွေပဲဖြစ်ပါတယ်။ Android OS ဖုန်း/Tablet တွေကိုအသုံးပြုနေကြတဲ့ မြန်မာ Android User များအတွက် သတင်းကောင်းတစ်ခုပါပဲ။ 1st Myanmar Browser ကိုလိုချင်တယ်ဆိုရင်တော့ အောက်မှာရယူနိုင်ပါတယ်။
1st Myanmar Browser for Android အားရယူရန်
အောက်က link တွေကနေလည်း download ရယူနိုင်ပါတယ်။
1st Myanmar Browser for Android အားရယူရန် (MediaFire Link)
1st Myanmar Browser for Android အားရယူရန်(Ziddu Link)
1st Myanmar Browser for Android အားရယူရန်(iFile Link)
1st Myanmar Browser for Android အားရယူရန်(ZShare Link)
(OR)
QR code scanner ဖြင့်ဖုန်းကိုအသုံးပြု၍ Direct ရယူရန်-

qrcode

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး


က်ရုပ် သုံးနေတဲ့မိတ်ဆွေတွေအတွက်ပါ….စက်ရုပ်ဖုန်းမှာ…Browser တွေကို တစ်ခြားနေရာမှာ ရှေရှေဝေးဝေး
မရှာရတောပဲ..လိုချင်တဲ့ Browser ကို တစ်ခုချင်းစီ တစ်နေရာထဲမှာဒေါင်းလို့ရအောင်…စုပီးတင်ပေးလိုက်ပါတယ်
မိမိကြိုက်နှစ်သက်တာကိုသာဒေါင်းလိုက်တော့ဗျာ…ဘယ်ဟာပိုကောင်းလဲဆိုတာထက်…
ဘယ်ဟာမိမိနဲ့ပိုအံဝင်လဲဆိုတာက ပိုအရေးကြီးပါတယ်…ဒီတော့ ကိုယ့်စိတ်ကြိုက် Browser ကို
ရွေးချယ်လိုက်ကြပါဆို့……။
ဒေါင်းလုပ်လင့်တစ်ခုချင်းစီကို အောက်မှာပေးထားပါတယ်… :)
Download Mozilla Firefox
Dwonload QQ Browser
Download Opera Browser
Download Dolphin Browser
Download SkyFire Browser
Download UC Browser

ပို့စ်ရေးသားသူအမည်: KiRk

credit to myanmar mobile app 

အညွန်း - Android, Browsers
ဒီတစ်ခေါက်တော့ Internet နဲ့ ပတ်သက်တာတွေကို တင်ပေးမှာပါ။ အဆင်ပြေကြပါစေနော်။
  1. wireless_tether_1.60 (ဖုန်းကနေပြီးတော့ ၀ိုင်ဖိုင် လွှင့်ပေးတဲ့ ဆော့ဝဲလေးပါ)
  2. WiFiFileExplorer_41 (၀ိုင်ဖိုင်လိုင်းတွေကို အကောင်းမွန်ဆုံး ရှာပေးတဲ့ ဆော့ဝဲပါ)
  3. 2G-3G_OnOff_v1.0.0 (2G 3G ကို အဖွင့် အပိတ်လုပ်ပေး တဲ့ ဆော့ဝဲပါ)

ထုံးစံအတိုင်း အောက်မှာဒေါင်းလိုက်ပါ လိုအပ်ချက်များရှိပါက ဝေဖန်အကြံပြုချက်များကို ရေးသားသွားကြပါနော်။
တွဲတင်တဲ့ဖိုင် -


www.android-themes.com/uploads/Games/201107/fishingmaster1.apk
happywall မှာရှိတဲ့ ငါးပစ်တဲ့ဂိန်းလေးပါ။ တင်ပြီးဆော့ကြည့်နော်။ အပြင်းပြေတာပေါ့။
www.android-themes.com/uploads/Games/201107/fishingmaster1.apk


Android ဖုန်းတွေအတွက် ဘက်ထရီစားသက်သာပြီး ဖုန်း ဘက်ထရီချွေတာပေးနိုင်မယ့်ဆော့ဝဲလေး DX Battery Booster Pro v1.4.5 (Full Version) ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းပြောမယ်ဆိုရင် ဘယ်နှနာရီစာပြောလို့ရသေးတယ် ၊ ဖုန်းနဲ့အင်တာနက်သုံးရင် ဘယ်နှနာရီလောက်သုံးလို့ရသေးတယ် ၊ သီချင်းနားထောင်မယ်ဆိုရင် ဘယ်နှနာရီစာလောက်နားထောင်နိုင်တယ်ဆိုတာမျိုးကိုလည်း ဒီဆော့ဝဲကအသေးစိတ်ပြသပေးပါတယ်။ ဒါတင်မကသေးဘဲ ဘယ် application က ဘက်ထရီအားကိုအများဆုံးအသုံးပြုနေတယ်ဆိုတာကိုပါကြည့်ရှုနိုင်ပြီး ဘက်ထရီအားစားနေတဲ့ application ကိုရပ်တန့်ထားလို့လည်းရပါသေးတယ်။ အခြား features တွေကိုအောက်မှာအသေးစိတ်ရေးပေးထားပါတယ်။ ဒီဆော့ဝဲကို Google Play မှာဝယ်မယ်ဆိုရင် ၂၃ ဒေါ်လာတောင်ပေးဝယ်ရမှာဖြစ်လို့ဈေးအရမ်းကြီးပါတယ်။ ဒါပေမယ့် အခု မြန်မာ Mobile Application Store မှာတော့ free download အနေနဲ့ရယူနိုင်အောင်တင်ပေးထားပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
DX Battery Booster Pro v1.4.5 for Android (Full Version) အားရယူရန်
Features:
★ Optimizing your battery use in 3 preset Modes:
Long Standby (Close all except dialing and SMS);
General Mode (Basic network function opened);
Sleep Mode (Close all except clock);
★ Intelligent mode-switching: e.g.
adjusted to Long Standby on low battery level;
go into your preset mode according to your schedule;
★ Regularly closing power-draining tasks;
★ Slow down CPU during screenlock; (ROOT devices only)
More Features:
Battery Level in % in Status Bar;
Most detailed analysis of power consumption;
More Widgets: one-tap optimizer, mode switch and ON/OFF switch;
Healthy charging (e.g. hints for charging or de-plugging the charger).





credit to - Myanmar Mobile App
အညွန်း - Android, Battery

ဖုန်းပေါ်ကနေ ပရိတ်ကြီး၊ ပဋ္ဌာန်းတို့ကို ရွတ်ဖတ်ပူဇော်နိုင်မယ့် Dhamma Droid

ဗုဒ္ဓဘာသာဝင်၊ ပါရမီရှင်သူတော်စင်အပေါင်းတို့အတွက်..ဖုန်းပေါ်ကနေ ပရိတ်ကြီး(၁၁)သုတ်၊ ပဋ္ဌာန်းတရားတော်၊ ဂုဏ်တော်များ၊ ဂုဏ်တော်ကွန်ချာ၊ ဓါရဏပရိတ်တော်၊ ဓမ္မစကြာ၊ မေတ္တာပို့၊ အမျှဝေ စသည်ဖြင့် ရွတ်ဖတ်ပူဇော်ကြည်ညိုနိုင်တဲ့ Dhamma Droid ဆိုတဲ့..application လေးတစ်ခုပါ။ ထည့်သွင်းအသုံးပြုနိုင်တာကတော့ Android (စက်ရုပ်)ဖုန်းတွေပဲဖြစ်ပါတယ်။ ဒီApplication လေးကိုမျှဝေပေးတဲ့ Ko Myo ကိုလဲ.အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။



အလွတ်ရတဲ့လူတွေရှိပေမယ့်.အလွတ်မရကြသေးတဲ့ကျွန်တော့်လိုမိတ်ဆွေတွေအတွက်..ဒါလေးကအတော်လေးကို
အဆင်ပြေပါတယ်။ အိတ်ဆောင်စာအုပ်ငယ်လေးတွေရှိပေမယ့်..သွားလေရာယူဆောင်သွားဖို့မလွယ် ပါဘူး။ လက်ကိုင်ဖုန်းဆိုတာကတော့.ရှိတဲ့လူတိုင်းကိုယ်နဲ့မကွာဆောင်သွားတတ်တာမို့...ထည့်ထားသင့်တယ်လို့ထင်ပါတယ်။ ဖိုင်ဆိုဒ်ကလဲ..သေးသေးလေးပါပဲ။


Dhamma Droid အားရယူရန်



Application ကို install လုပ်ပြီး...run လိုက်တာနဲ့..ခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်။








ပရိတ်ကြီး(၁၁)သုတ်ကို နှိပ်လိုက်ရင်တော့.ခုလိုမြင်တွေ့ရပါမယ်





ဒါကတော့ မင်္ဂလ သုတ်ပါ။ ဆက်သွားချင်ရင်...အပေါ်နားက..Next ကို နှိပ်ပေးရင်.နောက်စာမျက်နှာတစ်ခုထပ်သွားပါလိမ့်မယ်


သမန္တာ စက္က ၀ါဠေသု၊ အတြာ ဂစ္ဆန္တု ဒေ၀တာ..အစချီတဲ့..ပရိတ်ကြီးနိဒါန်းကို..မထည့်ပေးထားကတော့.ဘာကြောင့်မှန်းမသိပါဘူး။ ပရိတ် ဆိုတဲ့စကားလုံးဟာ ပရိတ္တ ဆိုတဲ့ပါဠိစကားလုံးကဆင်းသက်လာ တယ်လို့လဲ..သိရပါတယ်။ ထက်ဝန်းကျင်က ဘေးဥပါဒ်အန္တရာယ်ဟူသမျှကို ကာကွယ်ပေးတာကြောင့် အရံအတားတရားတော်ဟုလည်းဆိုပါတယ်။ပရိတ်တရားတော်များဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ (၄၅)၀ါကာလ အတွင်း ဟောကြားလမ်းညွှန်တော်မူခဲ့တဲ့ ဗုဒ္ဓဘိသေက ဒေသနာတော်များဖြစ်တာကြောင့် ယုံကြည်မှု သဒ္ဒါအပြည့်နဲ့ရွတ်ဖတ်ပူဇော်မယ်ဆိုရင်ဖြင့် လောကီ၊လောကုတ္တရာ အကျိုးများစွာ မုချအမှန်ရရှိနိုင်ပါတယ်။



ပဋ္ဌာန်းတရားကိုနှိပ်လိုက်တာနဲ့..ပဋ္ဌာန်းအကျဉ်း/အကျယ် ကိုလဲရွေးချယ်နိုင်ပါတယ်။





ပဋ္ဌာန်းအကျဉ်း (၂၄)ပစ္စည်း


ပဋ္ဌာန်း(၂၄)ပစ္စည်းကိုရွတ်ဖတ်ခြင်းအားဖြင့်

- သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သောတရားဖြစ်ခြင်း။

- တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့်တရားဖြစ်ခြင်း။

- သာသနာတော်တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီးဖြစ်ခြင်း စသည်တို့ဖြင့်ထူးမြတ်သည့် ဒေသနာတော်......

- ရင်ဆိုင်ကြုံတွေ့နေသော ဘေးအန္တရာယ်ဟူသမျှတို့လွန်မြောက်နိုင်ခြင်း။

- ကျရောက်မည့်ဘေးအန္တရာယ်တို့မှ ကင်းလွှတ်နိုင်ခြင်း။

- အပြစ်ကင်း၍ ကောင်းကျိုးကိစ္စဟူသမျှတို့ ပြီးမြောက်နိုင်စေခြင်း။

- အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်ကွင်းနိုင်ခြင်း။

- အဆုံးစွန်သော ဘ၀တွင် နိဗ္ဗာန်သို့ မျက်မှောက်ပြုရခြင်း စတဲ့အကျိုးတရားများကိုရရှိနိုင်ပါတယ်။




ဓမ္မစကြာရွတ်ဖတ်ပူဇော်နိုင်




ဂုဏ်တော်(၉)ပါးနှင့်ပြည့်စုံတော်မူသော..မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ဘုရားအဖြစ်ကိုရောက်ရှိတော်မူပြီး..၀ါဆိုလပြည့်၊ စနေနေ့၊ အရှေ့မိုးကုတ်စက်ဝိုင်းမှာ လပြည့်ဝန်းတစ်ခြမ်းပေါ်ထွန်းချိန်၊ အနောက်ကောင်းကင်မှာ နေတစ်ခြမ်းဆုတ်ခွာချိန်၊ သာယာအေးချမ်းလှပြီး သားသမင်တို့ကိုဘေးမဲ့ပေးရာဖြစ်တဲ့ မိဂဒါဝုန် တောအုပ်တွင်းမှာ အတူတူသီတင်းသုံး၊ အလုပ်အကျွေး ပြုခဲ့ဖူးတဲ့ ပဉ္စ၀ဂ္ဂီငါးဦး ကိုဓမ္မစကြာတရားဦး စတင်ဟောပြောခဲ့ပါတယ်။



ဝါဆိုလပြည့်နေ့ ဓမ္မစကြာတရားတော်အဆုံးမှာတော့ အရှင်ကောဏ္ဍည၊ ၀ါဆိုလပြည့်ကျော်(၁)ရက်မှာ ၀ပ္ပ၊ (၂)ရက်မှာ ဘဒ္ဒိယ၊ (၃)ရက်နေ့မှာ မဟာနာမ်၊ (၄)ရက်နေ့မှာ အဿဇိ ထေရ်တို့အစဉ်အတိုင်း အသီးသီး ရဟန်းတရားကို ရတော်မူခဲ့တဲ့ ဓမ္မစကြာတရားတော်ကြီးဟာ..

-ဘုရားရှင်တိုင်းရဲ့ အဦးဆုံးဟောကြားတဲ့ တရားဦးဓမ္မစကြာဒေသနာတော်ဖြစ်ခြင်း။

- သစ္စာလေးပါးကို ပိုင်းခြား၍ ဟောကြားထားခြင်း။

- အဦးဆုံးသော သံဃာရတနာပေါ်ထွန်းလာသော တရားတော်ဖြစ်တာကြောင့် သဗ္ဗသမ္ပတ္တိသာဓကံ ဆိုတဲ့အတိုင်း နေ့စဉ်ရွတ်ဖတ်ပူဇော်ပါကလောကီ၊လောကုတ္တရာ အကျိုးများကို ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။



ဒီထဲမှာပါတဲ့ ဓါရဏပရိတ်တော်ဆိုရင်လဲ..ဘုရားရှင်ရဲ့ အာဝေနိကဂုဏ်တော် (၁၈)ပါးကို ဖော်ကျူးထားတာဖြစ်ပါတယ်။ ဒီဂုဏ်တော်တွေဟာ မြတ်စွာဘုရားရှင်ရဲ့ သီးခြားကိုယ်ပိုင်ဂုဏ်တော်ဖြစ်ပြီး၊ ပစ္စေကဗုဒ္ဓနဲ့ ရဟန္တာတွေမှာတောင်..ဒီလိုဂုဏ်တော်မျိုးမရှိပါဘူး။ ဓါရဏပရိတ်တော်ဟာ..ဘုရားဟောမဟုတ်ပဲ..ရှေးဆရာတော်ကြီးများစီမံထားတဲ့ ပရိတ်တော်ဖြစ်တယ်လို့လဲ..ဖတ်ရှုမှတ်သားရပါတယ်။ ဒီပရိတ်တော်ကို ရွတ်ဖတ် ပူဇော်ခြင်းအားဖြင့် အ,ကာလမရဏ(သူတစ်ပါးလက်ချက်ဖြင့်သေဆုံးရခြင်း)ဘေးမှလဲ..လွတ်မြောက်နိုင်ပါတယ်။




မေတ္တာပို့မယ်ဆိုရင်ဖြင့်








Dhamma Droid အားရယူရန်


“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = အလှူအားလုံးတွင် တရားအလှူသည် အမြတ်ဆုံး” ဆိုတဲ့အတိုင်း ကျွန်တော့်အနေနဲ့..မိမိဖတ်ရှု၊မှတ်သား၊သင်ယူ၊လေ့လာမိထားသလောက် ရေးသားမျှဝေတာမို့ တစ်စုံတစ်ရာ မှားယွင်း၊ချွတ်ချော်၊တိမ်းစောင်းတာများရှိခဲ့ပါရင်လဲ..မေတ္တာတရားရှေ့ထားလို့..သွန်သင်ပဲ့ပြင်ဆုံးမပေးကြပါ။ ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့လဲ..မိမိတို့ရဲ့ မမေ့မလျော့၊မပေါ့ဆတဲ့သတိတရားနဲ့၊ ဘုရားရှင်ရဲ့ သွန်သင်ဟောကြာတဲ့အတိုင်း..တတ်စွမ်းသမျှ ကျင့်ကြံ၊ကြိုးကုတ်ပွားများပြီး..သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်၍..နိဗ္ဗာန်သို့မျက်မှောက်ပြုရသော..ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့.
ပြောကြားရင်း..နားကြပါဦးစို့....



အားလုံးကိုချစ်ခင်လေးစားစွာဖြင့်

တွတ်တွတ်


Dhamma Droid အားရယူရန် ဆိုတာလေးကိုကလစ်လုပ်ပြီး..mediafire ကနေ dhammadroid.apk ဆိုတဲ့ ဖိုင်လေးကိုကွန်ပျူတာထဲ.အရင်ဒေါင်းလိုက်ပါ။ ဖုန်းထဲထည့်ဖို့ကတာ့ နည်းလမ်းနှစ်မျိုးရှိပါတယ်။ ပထမနည်းကတော့..ဖုန်းထဲက SD Card ထဲကိုထည့်ပြီး Install လုပ်တဲ့နည်းပါ။ ဒုတိယနည်းကတော့... PC Suite တွေသုံးပြီး ဒါရိုက်ထည့်တဲ့နည်းပါ။ မခက်ခဲပါဘူး....အဆင်ပြေပါစေဗျာ...
အညွန်း - Android