Sunday 15 July 2012

Huawei C8800 ကို Version 2.x.x ကနေ 2.3.6 ကို မြင့် [Copy link]



Rank: 1
Real Name
winaung
Gold
39
Posts
49
Topics
35
Read Permissions
10
Jump to specific floor
1
Post on 2012-07-05 02:07:29 PM |View winaung's posts |DESC
  • အရင်ဆုံး အောက်က ဖိုင်နှစ်ခုကို Download ဆွဲလိုက်ပါ။
  • C8800 ROM 2.3.6    - HERE
  • Recovery For C8800 - HERE
  • ဆွဲပြီးပြီဆိုရင်တော့ မိမိဖုန်းမှာ လိုအပ်တဲ့ App တွေ Message တွေ Contact တွေကို Backup လုပ်ထားပါ။ပြီးရင်တော့ Desktop ပေါ်မှာဖြစ်စေ၊ Laptop ပေါ်မှာဖြစ်စေ သိမ်းထားပါ။
  • အားလုံး ပြီးပြီဆိုရင်တော့ မိမိဖုန်းရဲ့ SD Card ကို Format ချပေးပါ။ ပြီးရင် ခုနက Download ဆွဲထားတဲ့ ပထမဆုံး ဖိုင်ကို SD Card ထဲထည့်ပေးပါ။ ( မှတ်ချက် ။   ။ Zip ဖိုင်အတိုင်းထည့်ပါ။ ) ထည့်ပြီးလျှင် ထို Zip ဖိုင်ကို update.zip လို့ပြန်ပြောင်းပေးပါ။
  • ပြီးလျှင် မိမိဖုန်းကို Power ပိတ်လိုက်ပါ။
  • Volume Down + Power ကို ကြာကြာဖိထားပါ။ Huawei Logo မှာ ရပ်နေပါလိမ့်မယ်။  ဒါဆို First Mode ၀င်ပါပြီ။
  • ဒါဆို ခုနက Download ချထားတဲ့ ဒုတိယဖိုင် ကို ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် အစိမ်းရောင် background နဲ့ တရုတ်စာတွေ ရှိနေပါလိမ့်မယ်။
  • ပြီးလျှင် မိမိဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။
  • ချိတ်ပြီးလျှင် ခုနက တရုတ်စာတွေရှိနေတဲ့ နေရာမှာ Enter ခေါက်လိုက်ပါ။ Enter ၃၊၄ ချက်လောက်ခေါက် သွားပါ။ ပြီးလျှင် အစိမ်းရောင်နေရာမှာ Rebooting ဆိုတာ ပေါ်လာပါမယ်။ ဒါဆို ဖုန်းကသူ့ကသူ Auto Reboot လုပ်သွားပါမယ်။ မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်ထားတာ ဖြုတ်လိုက်ပါ။
  • Recovery Mode ကို ၀င်ဖို့အတွက် Power+ Volume Up ကို တစ်ပြိုင်တည်း ဖိထားပါ။
  • ဒါဆို Recovery Mode တက်လာပါမည်။ update ပါတဲ့ဟာ ကိုရွေးပေးပါ။
  • ထို့နောက် ထပ်ပေါ်လာတဲ့ update ပါတဲ့ဟာကို ထပ်ရွှေးပေးပါ။
  • သူ့ကသူ လုပ်နေပါလိမ့်မယ်။ ပြီးလျှင် Recovery Mode ပြန်တက်လာပါမယ်။ ပြန်တက်လာရင် အပေါ်ဆုံးက ဟာကိုရွေးပေးလိုက်ပါ။  Reboot ပြန်ကျသွားပါမယ်။
  • ပြန်တက်လာတဲ့အချိန်မှာ မိမိဖုန်းဟာ  Huawei Logo မှာ ရပ်လိုက် ပြန်ကျလိုက် ဖြစ်နေပါမည်။ ခဏစောင့်လိုက်ပါ။ နည်းနည်းတော့ ကြာပါတယ်။ ကျွန်တော်တော့ 30 မိနစ်ကျော်ကျော်လောက် စောင့်လိုက်ရပါတယ်။
  • ရပြီဆို သူရွေးခိုင်းပါမယ်။ ညာဘက်က ဟာကိုပဲ ရွေးပေးပါ။  ဒါဆိုရင် မိမိဖုန်းဟာ 2.3.6 သို့မြှင့်ပြီးပြီဖြစ်ပါတယ်။
  • ဟုတ်မဟုတ်ကို Setting > About Phone ကိုဝင်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။



  • မိမိဖုန်းဟာ ROOT လုပ်ဖို့မလိုတော့ပါ။ ROOT ပါလုပ်ပြီးသားဖြစ်သွားပါပြီ။ အားလုံးအဆင်ပြေကြပါစေ။

No comments:

Post a Comment