Sunday 15 July 2012


1st Myanmar Reader Developer- ကိုထင်အောင် (NUS)
Official WebPage- www.1stmm.net



Website တွေမှာအသစ်တင်သမျှကို မိမိတို့ဖုန်းထဲကနေ အမြဲ update အနေနဲ့ စောင့်မျှော်ဖတ်ရှုနိုင်မယ့် မြန်မာစာစနစ်သုံး Android ဆော့ဝဲဖြစ်တဲ့ 1st Myanmar Reader ဆော့ဝဲထွက်ရှိလာပါပြီ။ ဒီဆော့ဝဲကိုအသုံးပြုပြီး မြန်မာ Mobile Application Store (www.myanmarmobielapp.com) မှာအသစ်တင်သမျှကိုလည်း ဖုန်းမှာဒီဆော့ဝဲသွင်းထားပြီး အင်တာနက်ချိတ်ဆက်ထားရုံနဲ့အသစ်တင်သမျှကိုတိုက်ရိုက်သိရှိနိုင်မှာပါ။
ဇော်ဂျီမြန်မာဖောင့်ကိုအသုံးပြုပေးထားတဲ့အတွက် မိမိဖုန်းမှာ root လုပ်စရာမလို ၊ မြန်မာဖောင့်ထည့်ထားစရာမလိုဘဲ website မှာမြန်မာလိုတင်ထားသမျှကိုဖတ်ရှုနိုင်ပါတယ်။ သုံးစွဲနည်းအညွှန်းကိုတော့ အောက်မှာပြောပြပေးထားပါတယ်။ 1st Myanmar Reader for Android v0.1 ကို အောက်မှာရယူနိုင်ပါတယ်။
1st Myanmar Reader v0.1 for Android အားရယူရန်

1st Myanmar Reader ဖြင့် မိမိတို့ကြည့်ချင်သော website များ၏အသစ်တင်သမျှကိုကြည့်ရှုနည်း
-အင်တာနကကွန်နက်ရှင်ရှိရပါမည်။
-1st Myanmar Reader ထဲကိုဝင်ပါ။
-ဖုန်းပေါ်က Menu ကို နှိပ်ပြီး Add feed ကို နှိပ်ပါ။


-အောက်မှာပြထားတဲ့ Screen လေးပေါ်လာရင် Title ကို ကိုယ်ပေးချင်တဲ့ နာမည် ပေးလို့ ရပါတယ်။ မြန်မာလို ပေးလို့ ရသလို အင်္ဂလိပ်လို့ ပေးလည်း ရပါတယ်။ URL မှာတော့ ကိုယ်ဖတ်ချင်တဲ့ website ရဲ့ လိပ်စာကို ထည့်ပေးပါ။ ( Website သည် RSS feed စနစ်အသုံးပြုထားသော website ဖြစ်မှသာ 1st Myanmar Reader ဖြင့်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။)
Features:
1st Myanmar Reader is Burmese Script (Zawgyi-One font) supported android RSS Reader.
[✔] 100% Free.
[✔] No need root user access.
[✔] No need to change UI font.
[✔] No need to install Zawgyi-One font.
[✔] Support input text display (Zawgyi-One font).


credit to Myanmar Mobile App
အညွန်း - Android, Software

No comments:

Post a Comment